သိန်းနှစ်ရာကျော် တန် Galaxy S21 Ultra Gold Ox Limited Edition Smart Phone အကြောင်း
တရုတ်နှစ်သစ်ကူး က ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ရောက်ရှိတော့မှာ ဖြစ်ပြီး
နွားနှစ်ကို ကူးပြောင်းမယ့် အဆိုပါ နှစ်သစ်ကူး အထိမ်းအမှတ် အတွက် ရုရှား Luxury စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့
Covair Luxury Office မှ
Galaxy S21 Ultra Gold Ox Limited Edition ကို
ထုတ်လုပ်လိုက်ပါတယ်..
အဆိုပါ ဖုန်းကို တိုက်တေနီယမ် ကိုယ်ထည် နဲ့ပြုလုပ်ထားတဲ့အပြင်
စိန်စီထားပြီး ရွှေနဲ့ ပြုလုပ်ထားတဲ့ နွားခေါင်း တစ်ခု ပါဝင်ပါတယ်..
Internal Storage 512GB ပါဝင်တဲ့ ဒီဖုန်းက
Ram 16GB နဲ့ လာတာပါ..
တစ်ကမ္ဘာလုံးမှာ စုစုပေါင်း အလုံးရေ ၂၁ လုံးသာ ရောင်းချပေးသွားမှာဖြစ်လို့
တကယ့် Limited Edition ဖြစ်ပါတယ်..
ဈေးနှုန်း ကတော့ 20,140 USD $ တိတိဖြစ်ပြီး
မြန်မာငွေနဲ့ ဆို
၂၆,၉၀၀,၀၀၀ (နှစ်ရာခြောက်ဆယ့်ကိုးသိန်း)
ဝန်းကျင် ကျသင့်မှာပါ..
ဒီလို ဈေးကြီးရခြင်းကလည်း
၎င်း ဖုန်းကို အနက်ရောင် တိုက်တေနီယမ် သတ္တုနဲ့ ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ပေးထားခြင်း က
တစ်ခု အပါအဝင် ဖြစ်တဲ့အပြင်
နောက်ကျောမှာ ပါတဲ့ နွားခေါင်း ကို ရွှေနဲ့ ပြုလုပ်ထားပြီး
နှာခေါင်းမှာ တွဲထားတဲ့ ရွှေကွင်းက 24 ကာရက် သန့်စင်တဲ့ ရွှေအစစ် ဖြစ်ပါတယ်..
ပုံကို သေသေချာချာ ချဲ့ကြည့်လိုက်ရင်
နွားရဲ့ မျက်လုံးတွေက စိန်တွေ ကို မြင်ရတဲ့အပြင်
အဆိုပါ စိန်တွေကလည်း
ကြည်လင်တောက်ပမှု အဆင့် 3-3 ရှိတဲ့
3mm Diameter အရွယ် စိန်အစစ်တွေ ဖြစ်နေလို့ပါတဲ့..
ကြိုက်တယ် ဆိုရင် ဒီကနေ သွားပြီး အော်ဒါ တင်လိုက်တော့ဗျာ..
https://caviar.global/samsung/samsung-s21/
Source : Caviar
Article By: IT World today
REMAX ပရိသတ် တွေထဲမှာ ဘောစိ တွေရှိရင် မန်းရှင်း ခေါ်လိုက်တော့နော်..
2 comments
ဖုန်း/ဆိုင်ကယ်/ကားတို့ဆိုရင်တရုတ်မိတ်တွေမကြိုက်ဘူး
တရုတ်မိတ်မကြိုက်ဘူး