" How to Maintain Power Bank 🤔"
" ပါဝါဘန့်တွေကို ဘယ်လိုထိန်းသိမ်းကြမလဲ.. 🤔"
ပါဝါဘန့်တွေ ရေရှည်အသုံးခံဖို့ဆိုရင် ဒါလေးတွေ သတိထားဖို့လိုမယ်နော်...✌
🔥 အထိအခိုက်မဖြစ်အောင် ဂရုစိုက်ပါ
ဆားကစ်ဘုတ်ဟာ နုနယ်တာကြောင့် အထဲကအစိတ်အပိုင်းတွေ
လွတ်သွားတာမျိုး မဖြစ်ရအောင် မတော်တဆ ပြုတ်ကျတာတို့
ရေထဲကျသွားတာတို့ တစ်ခုခုနဲ့ တိုက်မိတာတို့ မဖြစ်အောင် ဂရုစိုက်ပါ။
🔥 အားကုန်မှ အားပြန်သွင်းပါ
စတင် ဝယ်ပြီးပြီးခြင်း ပါဝါဘန့်မှာပါလာတဲ့ အားကို ကုန်အောင်အရင်သုံးပါ
ပြီးမှ အားအပြည့်ပြန်သွင်းပြီး ဆက်သုံးပါ။ အားသွင်းတဲ့နေရာမှာလည်း
သတ်မှတ်ချိန်ပြည့်ရင် ဖြုတ်ဖို့ သတိရနော်။
🔥 သင့်တော်တဲ့ နေရာမှာထားပါ
အပူချိန် အရမ်းမြင့်မားတဲ့ နေရာတွေ၊ အရမ်းအေးတဲ့နေရာတွေမှာ မထားပါနဲ့
အစိုဓါတ်ဖြစ်ပေါ်စေပြီး ဆားကစ်ဘုတ်ကို ပျက်စီးစေပါလိမ့်မယ်။
🔥 သင့်တော်တဲ့ အားသွင်းခေါင်းနဲ့ ကြိုးကို အသုံးပြုပါ
ပါဝါဘန့်က ထွက်ရှိတဲ့ အားအထွက်နဲ့ ကိုယ့်ဖုန်းက လက်ခံနိုင်တဲ့
အားအဝင် ကိုက်ညီမှုရှိတဲ့ အားသွင်းကြိုးကို အသုံးပြုပါ။
ပါဝါဘန့်ကို အားပြန်သွင်းရာမှာလည်း အဝင် လက်ခံနိုင်တဲ့ Volt ပေါ်
မူတည်ပြီး အားသွင်းခေါင်းကို ရွေးချယ်ပါ။
🔥 ကိုယ့်ဖုန်းနဲ့ ကိုက်ညီတဲ့ ပါဝါဘန့်ကို ရွေးချယ်ပါ
နောက်ပိုင်း ပါဝါဘန့်တွေမှာ 65W Fast Charging အထိပါလာပြီး
ကိုယ့်ဖုန်းက 10W ပဲ အထောက်အပံ့ရမယ်ဆိုရင်တော့ ပုံမှန်ပါဝါဘန့်ကိုသာ
ရွေးချယ်သင့်ပြီး 18W ရတယ်ဆိုရင်တော့ PD+QC ပါဝါဘန့်တွေကို
ရွေးချယ်ဝယ်သင့်ပါတယ်။ 12W ပဲ ရတဲ့ဖုန်းက 15W နဲ့ သွင်းလည်း
12W နဲ့ပဲ အားဝင်နေမှာပါ။
တစ်ချို့ ပါဝါဘန့်တွေမှာ Watt(W) နဲ့ မဖော်ပြဘဲ Amp (A) နဲ့သာ
ဖော်ပြကြပါတယ်။ Watt ကို သိရဖို့ Volt (V) နဲ့ မြှောက်ပြီး တွက်ချက်လိုက်ပါ..
ဥပမာ - 5V-2.4A ဆိုရင် 12 W ထွက်ပြီး 5V-3A ဆိုရင် 15W ထွက်ပါမယ်။
ကဲ ဒီလောက်ဆို Power Bank တွေကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ
သိလောက်ပြီထင်ပါတယ်...🥰
နောက်ထပ် ဘယ်လိုအကြောင်းအရာ လာမလဲဆိုတာ
Page လေးကို စောင့်ကြည့်ထားဦးနော်...🤩
#WK_Design
#KnowledgeSharing
#Gadgets #Tip&Trick
Leave a comment
All blog comments are checked prior to publishing