Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" UNISOC Chipset ဆိုတာ.... "

by Aung Myat Shwe MZ 02 Feb 2022 0 Comments
" UNISOC Chipset ဆိုတာ.... "
 
Chipset လို့ ဆိုလိုက်တာနဲ့ Apple Silicon, Qualcomm Snapdragon,
MediaTek, Exynos နဲ့ HiSilicon ဆိုပြီး တော်တော်များများ သိကြပါတယ်...
 
Spreadtrum ဆိုတာကိုတော့ တချို့တွေ ကြားဖူးပေမယ့် တချို့တွေအတွက်
အစိမ်းသက်သက်ဖြစ်နေမှာပါ... Spreadtrum ကို SPD လို့
ခေါ်ကြပြီး အရင်းနှီးဆုံးဆိုရင် ယခင်က Coolpad ဖုန်းတွေမှာ တွေ့ရပါလိမ့်မယ်...
အဲ့တုန်းကတော့ develop သိပ်မဖြစ်တော့ သိပ်မသိကြတာလည်း ပါပါမယ်။
Smartphones တွေ Audio တွေနဲ့ Smart Wear တွေကို အဓိကထားပြီး
LAN IoT နဲ့ WAN IoT ကိုလည်း ထုတ်လုပ်တယ်လို့ သိရပါတယ်။
 
အဆိုပါ Spreadtrum Inc. ကို Tsinghua Holdings က (၂၀၁၃) ခုနှစ်မှာ
ဝယ်လိုက်ပြီး (၂၀၁၄) ခုနှစ်မှာပဲ RDA Microelectronics ကို ထပ်မံဝယ်လိုက်ပြန်ပါတယ်...
 
UNISOC ဆိုတာကတော့ (၂၀၁၈) ခုနှစ်မှာ Spreadtrum နဲ့ RDA Microelectronics ကို
ပေါင်းစပ်ပြီး rebranded လုပ်ထားတာပဲဖြစ်ပြီး .အဓိကကတော့ 5G Modem
ထုတ်လုပ်ဖို့နဲ့ 5G Smarphone တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
 
(၂၀၂၁) ခုနှစ်မှာတော့ Huawei ရဲ့ HiSilicon ကို ကျော်တက်ပြီး တရုတ်စမတ်ဖုန်း
Processor ထုတ်တဲ့ ဈေးကွက်ရဲ့ တတိယနေရာမှာ ရှိနေပြီ ဖြစ်ပါတယ်။
 
UNISOC ကို မြန်မာနိုင်ငံဈေးကွက်ထဲမှာဆို Samsung Tab A8
10.5 LTE မှာ သုံးထားပြီး နောက်ထပ် မိတ်ဆက်ပေးမယ့် Galaxy A03
2022 မှာလည်း UNISOC T606 နဲ့ ဖြစ်ပါလိမ့်မယ်...
 
ပြင်ပဈေးကွက်မှာဆို iPhone 13 နဲ့ ဒီဇိုင်းတူတဲ့ Gionee G13 Pro,
Nokia G21, Realme Narzo 50i အပါအဝင် Honor နဲ့ ZTE
လည်း ပါတာမို့ နောက်ပိုင်း UNISOC Chip တွေကို ဈေးကွက်ထဲမှာ
အများအပြား တွေ့ရနိုင်တော့မှာပဲ ဖြစ်ပါတယ်...
 
နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်...
 
🔥 Follow Us On Viber >> https://bit.ly/3yyLS5E
 
🔥 Follow Us On Telegram >> https://t.me/mygadgetsreview
 
🔥 Follow Us On LINE >> https://bit.ly/3k1rPIK
 
🔥 Follow Us On YouTube >> https://bit.ly/3ANBRD2
 
#MyGadgets
#UNISOC #SPD
#Chipset
 
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items