Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" မနေ့က မိတ်ဆက်သွားတဲ့ Redmi Note 11T Series "

by Aung Myat Shwe MZ 25 May 2022 0 Comments
 

 
Redmi အနေနဲ့ Note 11T Pro နဲ့ Pro+ အပါအဝင် Note 11T Astro Boy
Limited Edition ကို တရုတ်နိုင်ငံမှာမိတ်ဆက်လိုက်ပါတယ်။


မော်ဒယ်နှစ်မျိုးလုံးဟာ တူညီတဲ့ကျောဘက်ဒီဇိုင်းရှိပြီး Redmi Note 11T
Pro+ မှာတော့ LTPS နည်းပညာ 6.6-inch IPS LCD မျက်နှာပြင်ကို Full HD+
ရုပ်ထွက်၊ 20:5:9 ratio နဲ့ 144Hz Refresh Rate အထောက်အပံ့ရရှိပြီး
DisplayMate A+ အဆင့်သတ်မှတ်ချက် ရှိပါတယ်။
Redmi Note 11T Pro မှာတော့ 6.6-inch IPS LCD မျက်နှာပြင်ကိုမှ
144Hz Refresh Rate နဲ့ DisplayMate A+အဆင့်သတ်မှတ်ချက် ရှိပါမယ်။
 
Redmi Note 11T Pro+ မှာ TSMC မှ LPDDR5 RAM နဲ့ UFS 3.1 ROM တို့
တွဲဖက်ထားတဲ့ MTK Dimensity 8100 5G 4nm Chipset ထည့်သွင်းထားပါတယ်။
 
မော်ဒယ်နှစ်မျိုးမှာ ကျောဘက်ကင်မရာ (၃) လုံးပါရှိပြီး 64MP Samsung ISOCell GW1
Main Camera , 8MP Ultrawide နဲ့ 2MP Macro တို့ပါဝင်ပါမယ်။ အရှေ့ဘက်မှာတော့
16MP Selfie Camera တပ်ဆင်ထားပါတယ်။
Pro+ ရဲ့ Battery က 4400mAh ပါဝင်ပြီး 120W Fast Charging အထောက်အပံ့ကြောင့်
(၁၉) မိနစ်အတွင်း ၀ ကနေ ၁၀၀ အထိ အားသွင်းနိုင်မယ်လို့ သိရပါတယ်။ Pro ဗားရှင်းက
MTK Dimensity 8100 Chipset ပါဝင်သော်လည်း 67W Fast Charging အထောက်အပံ့
ရတဲ့ 5080mAh Battery သာ ပါရှိပါမယ်။
 
နှစ်မျိုးလုံးမှာတော့ VC Liquid Cooling System ပါဝင်ပြီး လုပ်ဆောင်မှုများနေချိန်
အပူပိုထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော Physical Test များဖြစ်တဲ့
Drop Test , Scratch Test , Water & Dust Test များ စမ်းသပ်စစ်ဆေးပြီးပြီလို့
ဆိုပြန်ပါတယ်။
မော်ဒယ်နှစ်မျိုးလုံးက Specs တော်တော်များများ တူညီပြီး ကွာခြားချက်ကတော့
RAM/ROM နဲ့ Battery mAh ရယ် Fast Charging ရယ်ပဲ ကွာပါမယ်။
 
အရောင်တွေအနေနဲ့ Pro+ ကို အနက်၊ အပြာ၊ ငွေရောင် (၃) မျိုးရွေးချယ်နိုင်သော်လည်း
Pro ဗားရှင်းကိုတော့ ငွေရောင် နဲ့ အပြာကိုသာ ရွေးချယ်နိုင်ပါမယ်။
 
စျေးနှုန်းတွေအနေနဲ့က (ခန့်မှန်းစျေးနှုန်းများသာ) 🔥
 
📌 Redmi Note 11T Pro
6GB+128GB - Yuan 1799 (မြန်မာငွေ ၅ သိန်းဝန်းကျင်)
8GB+128GB - Yuan 1899 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်)
6GB+256GB - Yuan 2099 (မြန်မာငွေ ၆ သိန်းဝန်းကျင်)
 
📌 Redmi Note 11T Pro+
8GB+128GB - Yuan 1999 (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်)
8GB+256GB - Yuan 2199 (မြန်မာငွေ ၆ သိန်းဝန်းကျင်)
6GB+512GB - Yuan 2399 (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) ဖြစ်ပါမယ်။
 
အဆိုပါ မော်ဒယ်နှစ်မျိုးလုံးကို မေလ (၃၁) မှစ တရုတ်နိုင်ငံမှာ ဝယ်ယူနိုင်ပါမယ်။
 
#MyGadgets
#Redmi #RedmiNote11TPro
#RedmiNote11TPro+ #Xiaomi
#China #OfficialLauncha
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items