Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" ထိုင်းနိုင်ငံမှာ တရားဝင်ကုမ္ပဏီဖွင့်လှစ်ဖို့ လုပ်ဆောင်နေတဲ့ Tesla "

by Aung Myat Shwe MZ 25 May 2022 0 Comments
Elon Musk ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla အနေနဲ့ ထိုင်းနိုင်ငံမှာ
တရားဝင်မိတ်ဆက်ဖို့ စီစဉ်နေပြီး ထိုင်းအစိုးရအေဂျင်စီဖြစ်တဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (DBD) မှာ Tesla (Thailand) Co., Ltd
နာမည်နဲ့ ကုမ္ပဏီမှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။
 
မှတ်ပုံတင် မတည်ရင်းနှီးငွေ ဘတ် (၃) သန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်
က မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး Tesla (Thailand) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့
စာရင်းအရ (၃) ယောက် ရှိနေတာတွေ့ရပါမယ်။ Mr David Jon Feinstein ,
Mr. Waipha Tanecha နဲ့ Mr. Yaron Klein ဖြစ်တယ်လို့ သိရပါတယ်။
 
ကားဝါသနာပါသူတွေအတွက် လျှပ်စစ်ကားအမိုက်စားများ ဖန်တီးပေးနေတဲ့
Tesla အနေနဲ့ လာမယ့်နှစ် (သို့) (၃) နှစ်အတွင်း ထိုင်းနိုင်ငံမှာ ကားတင်သွင်း
ရောင်းချနိုင်မယ်လို့ ထင်ကြေးပေးနေမှုများ ရှိနေပါတယ်။
 
Tesla ဟာ လက်ရှိမှာ မတူညီတဲ့ ကားမော်ဒယ် (၄) မျိုးကို ထုတ်လုပ်နေသလို ...
Telsa Model S , Tesla Model X , Tesla Model 3 နဲ့ Tesla Model Y
တို့ ဖြစ်ပြီး အနာဂတ်မှာ အခြားသော အမိုက်စား လျှပ်စစ်ကားများဖြစ်တဲ့
Tesla Roadster (Gen 2) , Tesla Semi နဲ့ Cybertruck များ ထုတ်လုပ်မှု
စတင်တော့မယ်လို့လည်း ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။
 
Source : Market Think
 
#MyGadgets
#Tesla #Thailand
#Official #Company
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items