" Honda China မှ ပထမဆုံး လျှပ်စစ်ကား e:N မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ "
ဧပြီလ (၂၅) ရက်နေ့မှာ Honda Giken Industrial (China) Investment Co.,Ltd. မှ
" Reshaping EV Driving Fun " ဆိုတဲ့ ခေါင်းစဉ်နဲ့ Honda e:N အမှတ်တံဆိပ်
Online Event ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Honda ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ
Katsuhiro Inoue က နှစ် (၇၀) သက်တမ်းရှိ ကားထုတ်လုပ်မှု ဗီဇနဲ့ အမှတ်တံဆိပ်
ယုံကြည်မှုများကိုပေါင်းစပ်ထားတဲ့ " e:N Brand Manifesto " နဲ့ " Reineventing
EV Driving Fun " ဆိုတဲ့ Brand Slogan ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ e:N Brand ဖြစ်တဲ့ Dongfeng Honda e:NS1 ကို ဧပြီလ
(၂၆) ရက်မှာ မိတ်ဆက်ပြီး GAC Honda e:NP1 ကို မေလမှာ ကြိုတင်ရောင်းချမယ်
လို့ ကြေညာခဲ့ပါတယ်။ e:NS1 နဲ့ e:NP1 တို့ကို တရုတ်စျေးကွက်နဲ့ ဖောက်သည်တွေရဲ့
လိုအပ်ချက်အရ တရုတ်လူငယ် Honda အင်ဂျင်နီယာများမှ အဓိက တီထွင်ထုတ်လုပ်
ထားတာဖြစ်တယ်လို့ သိရပါတယ်။
အသုံးပြုသူတွေရဲ့ နေ့စဉ်အသုံးပြုမှုအခြေအနေများအတွက် Electronic Control Program
များ ထည့်သွင်းထားပြီး သာမန် EV Models များထက် အဆ (၄၀) ကျော်၊ ထိန်းချုပ်မှု
မြင်ကွင်း Algorithms (၂၀၀၀၀) ကျော် အထိ အမျိုးမျိုးသော မောင်းနှင်မှုပတ်ဝန်းကျင်များကို
အလွယ်တကူ ရင်ဆိုင်နိုင်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်ကားများကြောင့် အလွယ်တကူ
မူးဝေခြင်းများအတွက် သိမ်မွေ့ပြီး တိကျတဲ့ မော်တာထိန်းချုပ်မှု ပါဝင်ပါတယ်။
ဒါ့အပြင် Honda မော်ဒယ်များရဲ့ အရည်အသွေးကို အပြည့်အ၀ အဆင့်မြှင့်တင်ထားပြီး
ထုတ်ကုန် အရည်အသွေးများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ အမြဲတမ်း ရည်ရွယ်ထား
သလို EV ခေတ်မှာ ရင့်ကျက်တဲ့ မော်တော်ကား ထုတ်လုပ်ရေးနည်းပညာနဲ့ အတွေ့အကြုံများ
ကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။
GAC Honda အနေနဲ့ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ အခြားနေရာများမှာ လျှပ်စစ်ဓါတ်အား
ဖြည့်တင်းရောင်းချသော ဝန်ဆောင်မှုစတိုးဆိုင်များနဲ့ စူပါမားကတ်စတိုးဆိုင်များကို ပထမဆုံး
ဖွင့်လှစ်မှာဖြစ်ပြီး Dongfeng Honda အနေနဲ့ လက်ရှိအထူးစတိုးဆိုင်များမှာ e:N Brand era
ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
Source : Honda China
#MyGadgets
#Honda #e:N_Brand
#ReshapingEVDrivingFun
Tags:
Leave a comment
All blog comments are checked prior to publishing