Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" Leica နဲ့ ပူးပေါင်းမှုပြီးဆုံးသွားတဲ့ Huawei "

by Aung Myat Shwe MZ 24 May 2022 0 Comments
Xiaomi x Leica ပူးပေါင်းလိုက်ကြောင်း မနေ့က Xiaomi CEO ကိုယ်တိုင်
အတည်ပြု ကြေညာခဲ့ပြီးနောက် Huawei ဘက်မှ Leica နဲ့ ပူးပေါင်းလုပ်ဆောင်းခြင်းက
March လတွင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆိုလိုတာကတော့ Huawei P50 နဲ့ P50 Pro တွေဟာ Leica ကင်မရာများပါရှိတဲ့
နောက်ဆုံး Huawei ဖုန်းများဖြစ်ပြီး ပူးပေါင်းမှု တရားဝင်မပြီးဆုံးမီ လပိုင်းအလို
မနှစ်က ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့တဲ့ P50 Pocket မှာလည်း Leica Branding ကို
ကျော်သွားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် Huawei ရဲ့ နောက်ထွက်မယ့် Mate 50
မှာလည်း Unbranded ကင်မရာများကို တွေ့မြင်နိုင်ပါမယ်။

ကုန်သွယ်ရေးပိတ်ဆို့မှုများကြောင့် Huawei ရဲ့ စျေးကွက်ဝေစု ကျဆင်းသွားပြီး
Leica အနေနဲ့ ပြီးခဲ့တဲ့နှစ် မေလအစောပိုင်ကတည်းက ကူးပြောင်းဖို့ ကြိုးပမ်းနေတယ်လို့
ထင်ကြေးပေးနေတာတွေ ရှိပြီး Xiaomi နဲ့ Honor တို့က အလားအလာရှိတယ်လို့
သတင်းထွက်နေသလို နောက်ဆုံးမှာတော့ Xiaomi က အနိုင်ရရှိသွားပုံ ပေါက်ပါတယ်။

Xiaomi x Leica အနေနဲ့ ပထမဆုံး Leica ဖုန်းဟာ Xiaomi 12 Ultra ဖြစ်နိုင်ပြီး
ဇူလိုင်လမှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Source : fonearena

#MyGadgets
#Xiaomi #Huawei
#Leica #Camera
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items