" လာမယ့် (၂၀၂၆) ခုနှစ်အထိ iPhone တွေရဲ့ မျက်နှာပြင်ကို ခန့်မှန်းလိုက်တဲ့ Ross Young "
Apple ရဲ့ Analyst ဖြစ်သူ Ross Young က လာမယ့် (၂၀၂၆) ခုနှစ်အထိ
iPhone တွေရဲ့ မျက်နှာပြင် လမ်းပြမြေပုံကို ခန့်မှန်း ထုတ်ဖော်လိုက်ပါတယ်။
အချက်အလက်တွေအရ Hole + Pill ဒီဇိုင်းကို ယခုနှစ် iPhone 14 Pro မှာ
စတင် အသုံးပြုလာနိုင်ပြီး (၂၀၂၄) ခုနှစ်မှာတော့ Pro ဗားရှင်းတွေမှာ
Hole ဒီဇိုင်းနဲ့ ပြောင်းလဲ လာနိုင်သလို (၂၀၂၆) ခုနှစ်မှာဆိုရင်ဖြင့်
Notch နဲ့ Hole မပါတဲ့ Under the Screen ဒီဇိုင်းနဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
အစီရင်ခံစာမှာတော့ Touch ID ကို ဖော်ပြထားခြင်းမရှိတာမို့ အသစ်ထွက်မယ့်
iPhone တွေမှာ Face ID ကို အဓိက Authentication Feature အဖြစ် ဆက်လက်
အသုံးပြုနိုင်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။
Source : RossYoung
#MyGadgets
#iPhone #Apple #Roadmap
Tags: