iPhone 14 Series ရဲ့ ရောင်းစျေးက စျေးပိုမြင့်လာနိုင်ဖွယ်ရှိ...
Apple ရဲ့ ယခုဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွင်း ကုမ္ပဏီဝင်ငွေ
အမေရိကန်ဒေါ်လာ (၉.၇၃) ဘီလီယံကျော် စံချိန်တင် မြင့်မားခဲ့ပြီး
တစ်နှစ်ထက် တစ်နှစ် (၉%) တိုးလာခဲ့ပါတယ်။
iPhone 13 ဟာ (၂၀၂၂) ခုနှစ် ပထမကွာတားမှာ တရုတ်နိုင်ငံ၌
ရောင်းအားအကောင်းဆုံး စမတ်ဖုန်းဖြစ်လာခဲ့ပြီး... ယခုနှစ် (၃) လပတ်မှာတော့
Apple အနေနဲ့ ကုမ္ပဏီအပေါ် အမေရိကန်ဒေါ်လာ (၄) ဘီလီယံနဲ့ (၈) ဘီလီယံကြား
ထောက်ပံ့မှုပြတ်လပ်သွားဖွယ်ရှိကြောင်း အကြောင်းရင်း (၅) ချက်နဲ့ CEO ဖြစ်သူ
Tim Cook ကိုယ်တိုင် ပြောကြားခဲ့ပါတယ်။
(၁) ပါဝင်တဲ့ အစိတ်အပိုင်းပစ္စည်းများ ပြတ်လပ်ခြင်း
(၂) တရုတ်အစိုးရဟာ ရောဂါကူးစက်သူ (0) ဖြစ်စေရန် Set Zero မူဝါဒဖြင့်
တရုတ်နိုင်ငံအား Lock Down ချပြီး စက်ရုံများ ပိတ်ခြင်း
(၃) နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှုန်း မတည်ငြိမ်ခြင်း
(၄) ရုရှားအား ပိတ်ဆို့အရေးယူမှုများမှ ရောင်းအားကျဆင်ခြင်း
(၅) ငွေကြေးဖောင်းပွမှုကြောင့် ကမ္ဘာတစ်ဝှမ်း စားသုံးသူများရဲ့ အသုံးစရိတ်
လျှော့ချမှုကြောင့် အကျိုးသက်ရောက်ခြင်း စတဲ့အချက်များ ပါဝင်ပါတယ်။
ဒါ့အပြင် ငွေလဲနှုန်းပြဿနာဟာ ရေရှည်ပြဿနာဖြစ်နိုင်ကြောင်းကို စီးပွားရေးလေ့လာ
သုံးသပ်သူ Chris Caso က သတိပေးပြောကြားခဲ့ပြီး ရလာဒ်အနေနဲ့ လာမယ့် iPhone 14
တွေကို ရောင်းချတဲ့အခါ ပြင်ပစျေးကွက်မှာ စျေးနှုန်းများ မြင့်တက်လာနိုင်ပါတယ်။
ကုမ္ပဏီဘက်က ကနဦးစျေးနှုန်းဟာ ပုံမှန်အတိုင်းဖြစ်သော်လည်း ငွေကြေး မတည်ငြိမ်
မှုများကြောင့် ငွေကြေးလဲလှယ်မှုနှုန်း ပြောင်းလဲခြင်းမရှိပါက ပိုမိုစျေးကြီးတဲ့
စျေးနှုန်းနဲ့ ဝယ်ယူရမှာပဲဖြစ်တယ်လို့ လေ့လာ သုံးသပ်သူတွေက ယုံကြည်နေပါတယ်။
Source : 9to5mac
#MyGadgets
#iPhone14 #iPhone14Series
#iPhone14Pro #iPhone14Max
Tags: