" အကောင်းဆုံး ကင်မရာလုပ်ဆောင်ချက်တွေနဲ့ OPPO A Series အသစ် မြန်မာနိုင်ငံစျေးကွက်သို့ ရောက်ရှိ "
=================================
![](https://cdn.shopify.com/s/files/1/2957/8646/files/Photo_1_480x480.jpg?v=1654595250)
ခေတ်မီတဲ့ ဒီဇိုင်း၊ မြင့်မားတဲ့ ကင်မရာအရည်အသွေးတွေနဲ့ စမတ်ဖုန်း
သုံးစွဲသူများကို စိတ်ကျေနပ်စေမယ့် OPPO A Series အသစ် OPPO A55 ကို
ဇွန်လ (၅) ရက်နေ့မှစကာ မြန်မာနိုင်ငံမှာ (၄၂၉,၉၀၀) ကျပ်ဖြင့် Rainbow Blue နဲ့
Starry Black ဆိုပြီး အရောင် (၂) မျိုး ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း
OPPO မှ သတင်းထုတ်ပြန်တာ တွေ့ရပါတယ်။
![](https://cdn.shopify.com/s/files/1/2957/8646/files/Photo_2_480x480.jpg?v=1654595267)
ပါးလွှာပြီး စတိုင်ကျတဲ့ 3D Curved Design နဲ့ 6.51-inch ရှိ Punch-Hold LCD
Display ကို 60Hz တပ်ဆင်ပေးထားသလို ... အရှေ့ဘက်ကင်မရာကို 16MP
တပ်ဆင်ထားပြီး ကျောဘက်မှာတော့ 50MP Main Camera, 2MP Bokeh
Camera နဲ့ 2MP Macro Camera တို့ပါဝင်မှာဖြစ်ပါတယ်။ ရှေ့ကင်မရာရော
နောက်ကင်မရာရော AI Beautification ပံ့ပိုးတာမို့ သဘာ၀ကျကျ လှပနေတဲ့
ဓါတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Pixel Binning Technology ကို
အသုံးပြုထားလို့ ပိုမို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ရရှိစေပြီး အလင်းမှိန်တဲ့
ပတ်ဝန်းကျင်မှာတောင် ကြည်လင်ပြတ်သားတဲ့ Night Selfie ကို ရိုက်ကူးနိုင်မယ်လို့
သိရပါတယ်။
![](https://cdn.shopify.com/s/files/1/2957/8646/files/Photo_3_480x480.jpg?v=1654595292)
MTK Helio G35 / MT6765G ကို အသုံးပြုထားပြီး RAM 4GB နဲ့ ROM 128GB တို့
ပါဝင်မှာဖြစ်သလို Battery 5000mAh ကို နာရီဝက်အတွင် ၃၃% ရရှိစေမယ့်
18W Fast Charging အထောက်အပံ့နဲ့ ကြာရှည်အသုံးခံမယ့် Super Power Saving
Mode လည်းပါဝင်ပါမယ်။ သူ့ရဲ့ AI စနစ်ဟာ အသုံးပြုသူရဲ့ အိပ်စက်ခြင်းအလေ့အထကို
မှတ်သားပြီး System နိုးကြားမှု အကြိမ်ရေနဲ့ အချိန်များကို ထိန်းချုပ်ပေးခြင်းဖြင့်
ညအချိန် ပါဝါသုံးစွဲမှုကို လျှော့ချပေးတဲ့ Super Nighttime Standby Mode တို့လည်း
ပါဝင်မှာဖြစ်ပါတယ်။
Source : OPPO
#MyGadgets #OPPO
#A55 #OPPOASeries
Sample Image Gallery
Sample Block Quote
Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.
Sample Paragraph Text
Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Tags: