Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" Xiaomi 12 Ultra ရဲ့ 3D Render ပုံများ "

by Aung Myat Shwe MZ 07 Jun 2022 0 Comments
=======================

မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ကောလဟာလတွေနဲ့ အချက်အလက်တွေကို
ကိုးကားပြီး Tipster @OnLeaks မှ Xiaomi 12 Ultra ရဲ့ 3D Render ပုံများကို
ထုတ်ပြန်ခဲ့ပါတယ်။ ကြီးမားတဲ့ စက်ဝိုင်းပုံ ကင်မရာ Module နဲ့ အနီရောင်
Leica လိုဂိုလည်း ပါရှိမှာဖြစ်ပါတယ်။

ကင်မရာအရည်အသွေးကို အဆင့်မြှင့်တင်ထားပြီး မှန်ဘီဘူးမျိုးစုံနဲ့
အာရုံခံကိရိယာများ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် စပီကာနှစ်လုံးနဲ့
အံ့ဩဖွယ်ကောင်းတဲ့ အသံအရည်အသွေးကိုပါ ခံစားရမယ်လို့ ဆိုပါတယ်။

ကျောဘက် ကင်မရာ (၄) လုံးပါဝင်ပြီး Main Camera 50MP Sony IMX989 Sensor,
50MP Ultrawide, 5x နဲ့ 10x Optical Zoom ရှိတဲ့ 48MP Telephoto Lens နှစ်ခုနဲ့
အရှေ့ဘက်ကို 32MP Selfie Camera ကို တပ်ဆင်ထားပါတယ်။

Refresh Rate 120Hz အထောက်အပံ့ရ 6.6-inch AMOLED Display
1440 x 3200 pixels HDR10+ ကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။

ကြွေထည်နောက်ဖုံးနဲ့ အလူမီနီယမ်ဘောင်တို့ဖြင့် စိတ်ဝင်စားစရာ ဒီဇိုင်းအင်္ဂါရပ်
တွေနဲ့ ဖန်တီးထားပြီး IP68 အဆင့် ရေစိုခံနိုင်မှာပဲဖြစ်ပါတယ်။

Snapdragon 8+ Gen 1 ကို အသုံးပြုလာမှာဖြစ်ပြီး 4900mAh Battery ကို
120W Fast Charging အထောက်အပံ့နဲ့ 50W Wireless Charging စနစ်တို့
ပါဝင်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

Source : zouton, @OnLeaks

#MyGadgets
#Xiaomi #Xiaomi12Ultra #Xiaomi12Series
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items