Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Apple Watch Series 8 မှာ အပူချိန်အာရုံခံ ကိရိယာ ပါဝင်လာနိုင်

by Aung Myat Shwe MZ 04 Jul 2022 0 Comments
=======================================

သတင်းတွေအရ Apple Watch Series 8 မှာ အသုံးပြုသူတွေရဲ့
ကိုယ်အပူချိန်ကို သိရှိစေဖို့ အာရုံခံကိရိယာ ပါဝင်လာနိုင်ပြီး
အဖျားရှိနေလျှင် သတိပေးဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Mark Gurman ကတော့ အဆိုပါ Feature ကို Watch Series 8 အားလုံးမှာ
ထည့်သွင်းလာနိုင်ပြီး အဖျားအနည်းငယ်ရှိတာနဲ့ အချက်ပေးအကြောင်းကြားမှာ
ဖြစ်တယ်လို့ ဆိုပါတယ်။ Apple အနေနဲ့ ကျန်းမာရေးအချက်အလက်များ တိုင်းတာဖို့
အာရုံခံကိရိယာများကို Apple Watch တွေမှာ မကြာခဏ တပ်ဆင်လေ့ရှိပါတယ်။
ဒါကြောင့်လည်း Series 7 မှာတုန်းက သွေးပေါင်ချိန် အာရုံခံကိရိယာ ထည့်သွင်း
လာမယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး တကယ်တမ်း မပါလာခဲ့ပါဘူး...

Watch Series 8 ကိုတော့ စတုန်ရန်းပုံသဏ္ဍာန်ဒီဇိုင်း ပြန်လည်ထုတ်မယ်လို့
မျှော်လင့်ပြီး Premium ဗားရှင်းတွေမှာ Screen Upgrade လုပ်သွားမယ်လို့
မျှော်လင့်ရပါတယ်။ နောက်ထပ် သတင်းတစ်ခုကတော့ Watch Series 8 ကို
ပုံမှန်ဗားရှင်းအပြင် အကြမ်းခံဗားရှင်း ထွက်လာမယ်လို့ သိရပြီး စက်တင်ဘာမှာ
မိတ်ဆက်မယ်လို့ ဆိုကြပါတယ်။

Source : macrumors

#Apple #WatchSeries8
#Leaked #Specs
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items