Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Xiaomi 12S Series Event မှာ ဘာတွေမိတ်ဆက်ခဲ့လဲ

by Aung Myat Shwe MZ 05 Jul 2022 0 Comments

Leica နဲ့ Xiaomi တို့ ပူးပေါင်းပြီး ပထမဆုံးမိတ်ဆက်တဲ့
Xiaomi 12S Series မိတ်ဆက်ပွဲကို ဇူလိုင်လ (၄) ရက် တရုတ်နိုင်ငံမှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Xiaomi 12S Series
အပါအဝင် Xiaomi 12 Pro, Xiaomi Book, Xiaomi Home WiFi နဲ့
Xiaomi Band 7 Pro တို့ မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

Xiaomi 12S Series တွေထဲမှာတော့ Leica Camera 1" Sensor နဲ့
Xiaomi 12S Ultra ကတော့ တော်တော်ကြီးကို ကြမ်းတယ်ပြောရမယ်...

Main Camera 50MP (1" Sensor), 48MP (128° UltraWide) နဲ့
48MP (120x Telephoto) တို့ဖြစ်ပြီး Selfie Camera က 32MP
တပ်ဆင်ပေးထားပါတယ်။

Snapdragon 8+ Gen 1 ကို အသုံးပြုထားပြီး သားရေနောက်ဖုံး၊
အလူမီနီယမ်ဘောင်၊ 23K ရွှေချထားတဲ့ Camera Module အနားကွပ်
တွေ နဲ့ တော်တော်လေး Premium ဆန်ပါတယ်။

အကောင်းဆုံး Display ဖြစ်တဲ့ WQHD+ 6.73" AMOLED Display
တပ်ဆင်ထားပြီး Peak Brightness 1500nits အထိရမယ့်အပြင်
IP68 Dust & Water-resistance ဖြစ်တာမို့ ရေအောက်မှာပါ ပုံတွေ
ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

4860mAh Li-Po Battery ကိုမှ 67W Turbo Charging ရပြီး 50W Wireless
Charging နဲ့ 10W Reverse Wireless Charging တွေပါ Support လုပ်ပါတယ်။

Audio ပိုင်းမှာဆိုလည်း Harman Kardon နဲ့ Dolby vision HDR recording ရတဲ့
ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ တကယ့်အမိုက်စားလုပ်ဆောင်ချက်တွေနဲ့
Xiaomi 12S Ultra ပါ ...

Xiaomi 12S Ultra နဲ့အတူ Xiaomi 12S Pro, Xiaomi 12S နဲ့ MTK Dimensity
9000+ သုံးထားတဲ့ Xiaomi 12 Pro ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Model (၃) မျိုးလုံး Sony IMX707 အသုံးပြုထားပြီး Xiaomi 12S မှာတော့
67W Fast Charging စနစ်ပါရှိတဲ့ 4500mAh Battery ကို သုံးထားပါတယ်။
Xiaomi 12S Pro မှာတော့ 120W Fast Charging စနစ်၊ 50W Wireless Charging
နဲ့ 10W Reverse Wireless Charging တို့ပါဝင်တဲ့ 4600mAh Battery ပါရှိပါတယ်။
Xiaomi 12 Pro ကိုတော့ 67W Fast Charging ရတဲ့ 5160mAh Battery ပါရှိပါတယ်။

နောက်ထပ် Xiaomi Home WiFi အပြင် Xiaomi Band 7 Pro နဲ့ 4‌K OLED Display
သုံးထားတဲ့ Xiaomi Book Pro 16" , 2.8K OLED Display သုံးထားတဲ့ Xiaomi
Book Pro 14" ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Source : Weibo

#Xiaomi12S #Xiaomi12SUltra
#Xiaomi12Pro #Xiaomi12SPro
#XiaomiHomeWiFi #XiaomiBookPro
#XiaomiBand7Pro #Launched
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items